ကလေးများကို ပစ်ပယ်ထားခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခြင်း
Child neglect and emotional abuse
ကလေးကို ပစ်ထားခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခြင်းသည် ကလေးများအတွက် လွန်စွာ အန္တရာယ်ရှိပါသည်။ တစ်ခါတစ်ရံ ထို နှိပ်စက်မှုမျိုးသည် လက်စုပ်လက်ကိုင်ပြနိုင်ရန် ခက်ခဲသည်။ ဒါကြောင့်လည်း ကူညီ ချင်သော သူများ မှာ ကူညီ ဖို့ရအတွက် အခက်အခဲရှိပြန်သည်။ ကလေးများသည် ကိုယ်ပိုင်းဆိုင်ရာ၊ သို့ လိင်ပိုင်းဆိုင်ရာ နှိပ်စက်ခြင်း ခံရပါက သူသည်စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရခြင်းသည်လည်း အလိုအလျောက် ဖြစ်ပေါ်သည်။
စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရခြင်း လက္ခဏာများ
ကလေးကို စိတ်ချ အန္တရာယ် ကင်းသော ပတ်ဝန်းကျင်တွင် မထားရှိခြင်း။ ဥပမာ မိဘ အချင်းချင်း သို့ လူကြီး များ အချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်း သို့ ပြုမူဆက်ဆံခြင်းများကို ကလေးများမြင်တွေ့နေရခြင်း
ကလေးကို အကြမ်းဖက်မှုဖြင့် ခြိမ်းခြောက်ခြင်း သို့ လူကြီး အုပ်ထိန်းသူမရှိပဲ ထားခဲ့ ရန် ခြိမ်းခြောက်ခြင်း
အဆက်မပြတ် ကလေးအား အပြစ်တင်ပြောဆိုခြင်း၊ ဝေဖန်မှု ပြုလုပ်ခြင်း
ကလေး၏မိဘ သို့ အုပ်ထိန်းသူသည် ကလေးအတွက် စိတ်ပူမှုကို မရှိခြင်း နှင့် အကူညီပေးမည့်သူများ အား ငြင်းဆန်ခြင်း
အထက်ပါ အချက်အလက်များသည် ကလေးအား စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခြင်း Emotional abuse ဖြစ်ပြီး အကျိုးဆက်အဖြင့် ကလေးသည်
ကျောင်း ပညာရေး နှင့် ကျောင်း ပတ်ဝန်းကျင်တွင် ပြသနာ ရှိခြင်း
အစားအသောက် ပုံမမှန်ခြင်း၊ အလေးချိန် ကျဆင်းလာခြင်း
စိတ်ရောဂါများဖြစ်သည့် မိမိကိုယ်ကို ယံကြည်မှု အားနည်းလာခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိုးရမ်ပူပန်မှု များလာခြင်း
မူမမှန်သော အမူအရာများဖြစ်သည့် အစွန်းရောက်ခြင်း၊ စိတ် အလိုမကျဖြစ်ခြင်း၊ ကြမ်းတမ်းမှုများ ရှိခြင်း
အိပ်ရခက်ခြင်း
ကျောင်းပုံမှန်မတတ်စေခြင်း
ကလေးသည် တစ်ကိုယ်ရည် သန့်ရှင်းရေးမရှိပဲ ညစ်ပတ်နံစော်နေခြင်း
ယုတ္တိမရှိသော အမူအရာများ ပြလာခြင်း
အရက် သို့ မူးယစ်ဆေးဝါးများ သုံးစွဲလာနိုင်ခြင်း
မပြတ်သားသော ပုံသဏ္ဏာန် များ ရှိခြင်း တို့ဖြစ်သည်။
ကလေးကို ပစ်ပယ်ထားခြင်း Child neglecting
ကလေးကို ချစ်ခင်မှု မပြတော့ခြင်း ၊လက်မခံခြင်း
အစာရေဆာ မကျွေးခြင်း
သင့်လျော်သော အဝတ်အစား မဝတ်ဆင်ခြင်း
လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု နှင့် သွားကျန်းမာရေး တို့အား အလေးမထားခြင်း
ကလေးကို ကာလရှည်ကြာစွာ တစ်ယောက်ထဲ ထားထားခြင်း
သင်ဘယ်လို ကူညီ နိုင်ပါသလဲ
သင့်ပတ်ဝန်းကျင် တွင် သင်သတိထားမိပါက ရဲစခန်း သို့ ကလေးစောင့်ရှောက်ရေးဌာနများကို အကြောင်းကြား အကူညီတောင်းခံပါ။
အမေရိကန်နိုင်ငံတွင် ကလေးစောင့်ရှောက်ရေး ဥပဒေသည် အလွန်ပြင်းထန်သည့် နည်းဥပဒေအပြင် အဖွဲ့ အစည်း များစွာ ဖြင့် ကလေးများ ကို အကာအကွယ် ပေးထားပြီး အထက်ပါ လက္ခဏာ များကို ကလေးများတွင် တွေ့ရှိ၍ သံသယ ရှိပါက ကလေးစောင့်ရှောက်ရေး အဖွဲ့ အစည်း သည် တရားရုံး အမိန့် မပါပဲ မိဘထံ မှ ကလေး ကို ချက်ချင်း သိမ်းဆည်း ခွင့်ရှိသည့် အပြင် မိဘများအား ကျေနပ်သည် အထိ စုံစမ်းစစ်ဆေးခွင့် အာဏာရှိသည်။ ပြစ်ဒဏ်များ မှာလည်း အလွန် ပြင်းထန်ပါသည်။
မေတ္တာဖြင့်
Naing Ayar @ နိုင်ဧရာ
______________________________________________
ဤ အမရာ ဧရာ @ Amara Ayar စာမျက်နှာသည် ကျွန်တော်၏ ချစ်သမီးလေးအမရာ၏ အမှတ်တရ များသိမ်းဆည်းရန် နှင့် ကလေးများ၏ ကျန်းမာရေး ပညာရေး ဗဟုသုတများကို မျှဝေ ရန် တည်ထောင်ထားခြင်း ဖြစ်ပါသည်။